ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း
ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ မွန်းလွဲ (၂) နာရီက အစိုးရစက်မှုလက်မှု သိပ္ပံ(မိုးညှင်း)၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်က မိုးညှင်းခရိုင်သည် ငလျင်ဘေးပြင်းထန်ဇုန်တွင် ကျရောက်နေတာဖြစ်သည့်အတွက် ငလျင်ဘေးဖြစ်ပွားလာပါက ထိရောက်မြန်ဆန်စွာ အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများ နည်းပါးလာစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိဖို့...